ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Tuesday, September 18, 2012

Blogs မှာ cctv ကင်မရာ ထည့်သွင်းခြင်း


        သူငယ်ချင်းတွေရဲ့ ဘလော့အတွက် CCTV ကင်မရာလေး 
အပေါ်ကပုံလိုနော် 
အောက်ကပုံ လို (၇င်ဘတ်ထဲက ကြည့်နေတယ်)စာမပါဘူး


အရင်က အခန်းထဲ အတူနေတဲ့ သူငယ်ချင်း တယောက် က 
ကျွန်တော့်ကို ဇွတ်မေးနေလို့
လူရှိန်အောင်ပြန်ပြောလိုက်တယ် ငါပို့ အနေနဲ့ တင်ပေးထားမယ် မင်းဝင်ဖတ်ပေါ့ ဟီးဟီး
ခပ်တည်တည် ဘဲ အမှန်တော့ လိုက်ရှာရင်းနဲ့ တွေ့လို့ သူငယ်ချင်းတွေကို ရှယ်ယာလိုက်ပါတယ်
မသိသေးတဲ့ ဘော်ဘော်တွေ မိမိတို့ ဘလော့ လှပလုံခြုံရေး အတွက်လိုအပ်ရင် အလှဆင်ကြပါ.
 

Thursday, September 6, 2012

မုသား ဖေါ်နည်းများ

 သူငယ်ချင်းတို့ရေ
 ဒီပို့လေးကတော့ JACBA က အကြိုက် တွေ့ပြန်လို့်
ပြန်ပြီး ရှယ်ယာလိုက်တာပါနော်
 



ရုပ်ရှင်ထဲမှာ လူဆိုးကို ရဲတွေက မုသားဖေါ်စက် (lie detector) သုံးပြီး အမှူစစ်တာမျိုး တွေ့ဖူးကြမှာပါ။ အဲဒီလို စက်မျိုးမလိုပဲ လူတစ်ယောက်လိမ်နေတာကို သိနိုင်မယ့် နည်းတွေရှိရင် မလိုချင်ကြဘူးလား။ ဒီနည်းတွေကို ရဲတွေ စိတ်ပညာရှင်တွေ စုံထောက်တွေ ရှေ့နေတွေ တင်မက အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ မန်နေဂျာတွေ ပါသုံးတတ်ကြပါတယ်။ ဟဲဟဲ ကြော်ငြာနဲနဲ များသွားပြီ။ တကယ်တော့ ဒီ အချက်တွေတွေ့တိုင်း လိမ်နေပြီလို့ အတိအကျ မဆိုနိုင်ပေမယ့် အတိုင်းအတာတစ်ခု အထိတော့ ခန့်မှန်းနိုင်မှာပါ။ အဲဒီတော့ သူငယ်ချင်းတို့ အရေးကြီးတဲ့ ကြောင်းအရာတစ်ခုကို တစ်ယောက်ယောက်ကို မေးဖို့လိုလာပြီဆိုရင် မမေးခင် သူ့ရဲ့ ကိုယ်အမူအရာ စကားလုံးသုံးစွဲပုံ တုန့်ပြန်ပုံတွေကို ဂရုတစိုက် အကဲခတ်ဖို့ ပြင်ဆင်ထားပါ။ ပြီးရင်တော့ သူ့ရဲ့ဖြေဆိုပုံနဲ့ အောက်ပါ အချက်တွေကို တိုက်ဆိုင် စစ်ဆေးကြည့် လိုက်ရင် အနီးစပ်ဆုံးခန့်မှန်းနိုင်မှာပါ။