ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Monday, February 21, 2011

ကာရံမဲ့ ရုး

ထပ်တူညီမျှမရရှိခဲ့တဲ့ဘဝတွေမှာ
ချစ်သူ မင်းသာ  ပန်းတစ်ခင်း ဖြစ်ခဲ့မယ်ဆိုရင်
ငါ…အရောင်းမဲ့တဲ့ဥယာဉ်မှူးဖြစ်ချင်တယ်
ချစ်သူ မင်းသာ လိပ်ပြာလေးဖြစ်ခဲ့ရင်
ငါ…ပွင့်လန်းတဲ့  ပန်းတစ်ခင်းဖြစ်ချင်တယ်
ချစ်သူ မင်းသာ ငှက်ကလေးဖြစ်ခဲ့ရင်
ငါ…ကြိုးဝိုင်းနဲ့ တောအုပ်တစ်ခု ဖြစ်ခွင့်ရချင်တယ်
ချစ်သူ မင်းသာ ညကောင်းကင် တစ်ခုဖြစ်ခဲ့ရင်
 ငါ…တောက်ပတဲ့ ကြယ်လတွေ ဖြစ်ခွင့်ရချင်တယ်
ချစ်သူ မင်းသာ ကုမုဒ္ဒြာပန်းလေး ဖြစ်ခဲ့ရင်
ငါ…ဆုတ်ရက်မဲ့ လမင်း ဖြစ်ခွင့်ရချင်တယ်
ချစ်သူ မင်းသာ… . .  .
တကယ်တမ်းတော့ မင်းဘက်က
ဘယ်အရာမှ မဖြစ်ခဲ့ပေမဲ့ 

သန်းခေါင်ယံ တစ်ညမှာ
ငါကတော့
ကဗျာတစ်ပုဒ် ရေးခွင့်ရလိုက်သေးတယ်
ကာရံတွေ လွဲချော်ရင်းနဲ့ပေါ့… . . ..