ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Saturday, February 22, 2014

ကျွန်တော် ငပေါတွေနဲ့ ပျော်နေတယ် အမေ


သို့အမေ

နေကောင်းပါလေရဲ့လား
...
ဖေ့ဘွတ်ကနေ စာလွှာပါးလိုက်ပါတယ် အမေ။

ဟုတ်တယ်အမေ။

အခုကျွန်တော်နေတာ ဖေ့ဘွတ်ရွာမှာ

အိမ်နံပါတ်တော့ မရှိပါဘူး။

လင်းရောင်လို့သာ စာရိုက်ရှာ

ရုပ်ရှင်မင်းသားပုံပေါ်လာရင် အဲဒါကျွန်တော်ပါ အမေ။

စိတ်မပူနဲ့နော်အမေ

Wednesday, April 17, 2013

ပြုံးစိစိ ဖတ်စာ

ထူးဆန်းတဲ့ သတင်း သုံးပုဒ်

၁ ။ ဘာသာပြန် ညံ့ဖျင်း
အမေရိကန် သမ္မတ အိုဗားမား ရဲ့ သမိုင်းဝင် မိန့်ခွန်းကို ဘာသာအသီး သီး ပြန်ဆိုရာမှာ မြန်မာဘာသာပြန်က ပြန်ဆိုပုံ၊ ဝါကျဖွဲ့စည်းပုံ၊ ဝိဘတ် ထားပုံ၊ သတ်ပုံ၊ ချောမောခြင်း မရှိပုံ စသဖြင့် စသဖြင့် စသဖြင့် အလွန် ညံ့ဖျင်း ကြောင်း မြန်မာစာ တစ်လုံးမှ မတတ်သည့် အမေရိကန်တို့က ထောက်ပြ ဝေဖန်နေကြကြောင်း သိရပါတယ်။ မြန်မာတွေကတော့ သည်းခံတတ်သူများ ပီပီ ဘာမှ မပြောကြပါ။

Wednesday, March 27, 2013

အင်္ဂလိပ်စာမှာကျွန်တော်ဆရာကြီး ခီးခီးးး

နှစ်သက်မိလို့ပြန် ရှယ်ယာလိုက်တယ်နော်
......................................




ကျနော်ဟာ အင်္ဂလိပ်စာပေကို ဝါသနာပါ သည့်အလျောက် ငယ်ငယ်ကတည်းက လေ့လာလိုက်စားခဲ့ပါသည်။  အင်္ဂလိပ်စာနှင့် ပတ်သက်ပါကလည်း ဖတ်လိုက်ရတဲ့စာအုပ်တွေ စုံနေတာပါပဲ။ မြင်ဆရာ ကြားဆရာဆိုတာလည်း ပြော မနေပါနဲ့တော့ မည်းကနဲမြင်လိုက်တာနဲ့ တင် ပါးစပ်က " ဆရာ " လို့ အလိုလို ထွက်သွားသည်ထိ ပေါတာ။ ကျွမ်းကျင်သလားလို့မေးရင် ကျနော့်ကို စော်ကားတာနှင့် အတူတူပါပဲ။ ဘာပြုလို့ လဲဆိုရင် ကျနော်ပြောတဲ့ အင်္ဂလိပ်စကား ကျနော်ရေးတဲ့ အင်္ဂလိပ်စာကို အင်္ဂလိပ် လူမျိုးတွေတောင် နားမလည်ဘူး ပြောပါ က.  ကြွားတယ်လို့ မထင်ပါနှင့်။ မယုံလျှင် ဤပုံကိုကြည့်ပါလို့ ပြောရမ လိုပင်.........။ -  ကျနော့်မှာ ခွေးတစ်ကောင်ရှိသည်-      I'm a  dog. -  ခု ငါ ရန်ကုန်မှာ ရှိတယ် -     Now I  have Rangoon . - မင်း ဘယ်က လာတာလဲ-      Where you come?

Thursday, January 24, 2013

ပြုံးပါ ရယ်ပါ..

အဖိုးအိုရဲ့  .....အကြံ
အဖိုးအိုတစ်ယောက်က သူ့ယာခင်းနားက ရေကန်ပတ်လည်မှာစိုက်ထားတဲ့သရက်ပင်တွေဆီကို သရက်သီး ခူးမယ်ဆိုပြီးထွက်လာခဲ့ပါတယ်၊ရေကန်အနားကို 
သူရောက်တဲ့အခါမှာတော့ သူ့ေ၇ကန်ထဲမှာ ရေဆင်းကူးနေတဲ့ 
မိန်းမပျိုလေးတွေကို တအံ့တသြမြင်လိုက်ရပါတယ်၊
အဖိုးအိုကိုမြင်တဲ့အခါ ရေကန်ထဲက ကောင်မလေးတွေက
ပိုနက်တဲ့နေရာကို ကူးခတ်သွားပြီး ၊ သူတို့ကိုယ်သူတို့ အကာအကွယ်ယူကြတယ်၊ပြီးတော့ အဖိုးအိုကို
ရှင်မသွားမချင်း ကျွန်မတို့ ရေထဲကနေ တက်မလာဘူး လို့ အော်ဟစ်ပြောတယ်။

Friday, December 7, 2012

ဖြေရှင်း ရခက်တဲ့ ပြဿနာ

မနက်အစောကြီးရှိသေးတယ်  
 ဒါပေမဲ့ အရက်ဆိုင်ထဲမှာ လယ်သမားကြီးတစ်ယောက် ကတော့ တော်တော်ကောင်းနေဘီလေ၊
ကိုထွန်းသာ တယောက်ဆိုင်ထဲဝင်လာတယ်သူကလယ်သမားကြီးမိတ်ဆွေတစ်ယောက် ပါ၊၊
လယ်သမားကြီးကိုမြင်တော့ ကိုထွန်းသာ အံ့သြသွားတယ် ။ဘယ်တော့မှ ဒီလိုမနက်အစောကြီး
 သောက်လေ့မရှိတဲ့သူဟာဒီနေ့မှစောစောစီးစီး ကောင်းနေပါလိမ့် ပေါ့လေ။ ဒါနဲ့မေးလိုက်တယ်
ကိုကြည် ဘယ်လိုလဲဗျ ဒီနေ့မှ ထူးထူး ခြားခြား မနက်ကြီး…
လယ်သမားကြီးဆွေးမြေ့ကြေကွဲတဲ့မျက်နှာနဲ့ မော့ကြည့်ရင်း
ဟုတ်တယ်ဗျာ သိပ်စိတ်ညစ်စရာ အဖြစ်ပျက်မျိုးနဲ့ ကြုံ ခဲ့ရတယ်ဗျာ
ဘာပြဿနာ ရှိလို့လဲ ကိုကြည်ရယ် ကူညီလို့ရရင်လဲ ဝိုင်းကူညီ စဉ်းစားပေးရတာပေါ့ဗျာ

Tuesday, October 16, 2012

ရယ်လိုက်ပြုံးလိုက် (ဖတ်မိ ပြုံးမိသမျှ)


 ချစ်သောက


အမျိုးသမီးနှစ်ယောက်ဟာ ညဘက်အပြင်ထွက်ပြီးတော့....ညစာသွားစားကြပါတယ်..
ပြီးတော့...အရက်မူးကို မူးအောင်သောက်ကြပြီးတော့..အိမ်ပြန်လာခဲ့ကြပါတယ်..
ဒီလိုနဲ့...အိမ်အပြန်လမ်းမှာ....ပြသနာတက်ပါလေရော...ရုတ်တရက် အိမ်သာတက်ချင်လာတဲ့ပြသနာပါ..
ခက်တာက..သူတို့ ရောက်နေတဲ့ နေရာဝန်းကျင်ကို ကြည့်လိုက်တော့....ဘုရား..ဘုရား..
သင်းချိုင်းကုန်းနားမှာဖြစ်နေတယ်။

ဒီတော့..မကြောက်တတ်တဲ့ တစ်ယောက်က ဒီလိုအကြံပေးတယ်။
အုတ်ဂူတစ်ခုခုရဲ့ အနောက်မှာ တို့ ရဲ့ ပြသသနာကိုဖြေရှင်းလိုက်ကြရအောင်တဲ့။
ဒီလိုနဲ့ .....သူတို့ရဲ့ကိစ္စကိုဖြေရှင်းကြတဲ့အခါမှာ..
ပထမဆုံးအမျိုးသမီးမှာ သန့် စင်ဖို့ ဘာမှမပါခဲ့တော့......သူမရဲ့ အတွင်းခံကိုချွတ်ပြီးတောသန့် စင်လိုက်တယ် ပြီးတော့...........

Thursday, August 23, 2012

သူခိုးဖမ်းတဲ့စက်



အမေရိကန်နိုင်ငံက သူခိုးဖမ်းတဲ့စက်တစ်လုံးကို လွန်ခဲ့တဲ့ လ ၁ ရက်နေ့ က အစမ်းထုတ်လုပ်ခဲ့
ဒီစက်ကို England နိုင်ငံမှာ စမ်းသပ် တဲ့အခါမှာ မိနစ်(၃၀)အတွင်း 



Tuesday, August 14, 2012

ရိုးရိုးလေး တွေးစမ်းပါ

ဆရာမသည် ပီတာလေးကို ကျောင်းအုပ်ကြီး၏ အခန်းထဲသို. ခေါ်လာသည် ။
" ဆရာကြီး ... ပီတာလေးကို ပပထမတန်းမှာ မထားသင့်ပါဘူး ။ အရွယ်နဲ့ မလိုက်အောင်
သူအများကြီးသိနေတယ် ရှင့် ၊သူ.ကို တတိယတန်းမှာ တက်ဖို. ကျမ အဆိုပြုချင်ပါတယ် ရှင့် .. "

" ကောင်းပြီလေ ၊ ဒါပေမဲ့ အတန်းကျော်တက်မယ့်ကလေးဟာ


Sunday, August 12, 2012

မွေး ပြီး ပြန်လာခဲ့ပါ့မယ်

ဇနီးမောင်နှံနှစ်ဦးတို့ တရားရုံးသို့ ရောက်ရှိလာပြီး တရားသူကြီးထံကွာရှင်းပြတ်စဲလိုကြောင်း
 လျှောက်ထားလေသည်။
 တရားသူကြီး = မောင်မင်းတို့…တကယ်တမ်းကွာရှင်းဖို့ ဆုံးဖြတ်ပြီးပြီလား
… ဇနီးမောင်နှံ = ဟုတ်ကဲ့။
တရားသူကြီး = နှစ်ဦးစလုံးကွာရှင်းဖို့ သဘောတူကြရဲ့လား။
ဇနီးမောင်နှံ = တူပါတယ်။ တရားသူကြီးမင်း။
တရားသူကြီး = ဒါဆို..မောင်မင်းတို့မှာ သားသမီးတွေရှိကြလား။

ချော်လဲကြ သူများ


ပင်လယ်ကမ်းစပ် ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ မကြာခဏ ပင်လယ်ထဲသွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံကြတယ်။ ကြာလာတော့ ဖာသာကမိန်းမတွေကို “နောက်တစ်ခါ လာဝန်ခံကြရင် ခိုးစားတယ်လို့မပြောဘဲ “ချော်လဲတယ်”လို့ ပြောပါ။ ချော်လဲလာတယ်လို့ ပြောရင် ငါသိပြီ” လို့ မှာလိုက်တယ်။

Saturday, August 4, 2012

ညစ်ပေ အဖွဲ့ချုပ်

       
    တစ်နေ့ မြန်မာနိုင်မှာ အခြေစိုက်ပြီး ကမ္ဘာ့ ညစ်ပေများ အဖွဲ့ချုပ်ကိုထောင်ဖို့စီစဉ်ကြတယ်။
ဒီတော့ အဖွဲ့သားတွေက အတွင်းရေးမှုး အဖြစ် ဘယ်သူ့ကိုခန့်ရမလဲဆိုတာ ၀ိုင်းတိုင်ပင်ကြတယ်။
တစ်ယောက်ကပြောတယ်
"ငါတို့ အဖွဲ့ အတွက် အတွင်းရေးလုပ်ရမယ့်သူကို သတင်းစာထဲကနေကြောငြာလိုက်ရအောင်ကွာ၊ အဲသည့်ထဲကမှ အသင့်တော်ဆုံးလူကိုရွေးခန့်မယ်"
အဲလိုပြောတော့ ကျန်တဲ့လူတွေက ၀ိုင်းထောက်ခံကြပြီးပြောတဲ့အတိုင်းလုပ်လိုက်ကြတယ်။
နောက်နေ့ ကျတော့ သူတို့ဆီကို ပထမဦးဆုံးရောက်လာတဲ့စာက

"လူကြီးမင်းများခင်ဗျာ ကျွန်တော်ဟာ အင်မတန်မှ ညစ်ပတ်တဲ့လူဖြစ်ပြီး

Tuesday, July 3, 2012

ဘယ်ရမလဲ



ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။
အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။
သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။
ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ
ကျွန်မ နိုင်လိုက်တယ်။
 နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။


Thursday, July 28, 2011

ဖတ်ဖူးတဲ့ဟာသတွေနော်..

                           ဘီယာဖြတ်လိုက်ပီ                         
လူ။          ၊၊ဟေ့ ဘီယာ၂ ခွက်ချ
လူတစ်ယောက်ဟာ ဘီယာဆိုင်မှာ နေ့တိုင်းဘီယာ၂ခွက်ပုံမှန်သောက်လေ့ရှိပါတယ်၊
ကြာလာတော့ အဲဒီလူနဲ့စားပွဲထိုးလေးနဲ့ရင်းနှီးလာပါတယ်……
စားပွဲထိုး။  ။ အကိုကသူများတွေနဲ့မတူဘူး ၂ခွက်ပုံမှန်ဆိုတော့ ထူးဆန်းတယ်နော်၊
လူ၊          ။အေးကွ တစ်ခွက်က ငါ့သောက်တာ