ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ
Showing posts with label ရင်ဘတ်ထဲက ကဗျာ. Show all posts
Showing posts with label ရင်ဘတ်ထဲက ကဗျာ. Show all posts

Wednesday, August 5, 2015

ရနံ့ ......


ဖြူလဲ ဖြူ
မွှေးလဲ မွှေး
လှလဲ လှ ဆိုတော့.

Saturday, July 5, 2014

လူဆိုးမကြီး..သို့


ချစ်သူ.....  မင်းနဲ့ ချစ်သူဖြစ်ခဲ့ရင်...

"မောင်ရယ်..အရက်တွေမသောက်နဲ့နော်"  ဆိုတဲ့
မင်းရဲ့ ဆုံးမ တားမြစ်တဲ့ စကားသံလေးတွေကိုကြားပြီး
နားထောင် ပြချင်လွန်းလို့
တခါမှမသောက်ဖူးတဲ့ အရက်တွေကို
အခုလိုသောက်ခဲ့ရတာပါ ချစ်သူ...

မင်းနဲ့ ချစ်သူဖြစ်ခဲ့ရင်...

Monday, February 21, 2011

ကာရံမဲ့ ရုး

ထပ်တူညီမျှမရရှိခဲ့တဲ့ဘဝတွေမှာ
ချစ်သူ မင်းသာ  ပန်းတစ်ခင်း ဖြစ်ခဲ့မယ်ဆိုရင်
ငါ…အရောင်းမဲ့တဲ့ဥယာဉ်မှူးဖြစ်ချင်တယ်
ချစ်သူ မင်းသာ လိပ်ပြာလေးဖြစ်ခဲ့ရင်
ငါ…ပွင့်လန်းတဲ့  ပန်းတစ်ခင်းဖြစ်ချင်တယ်
ချစ်သူ မင်းသာ ငှက်ကလေးဖြစ်ခဲ့ရင်
ငါ…ကြိုးဝိုင်းနဲ့ တောအုပ်တစ်ခု ဖြစ်ခွင့်ရချင်တယ်
ချစ်သူ မင်းသာ ညကောင်းကင် တစ်ခုဖြစ်ခဲ့ရင်
 ငါ…တောက်ပတဲ့ ကြယ်လတွေ ဖြစ်ခွင့်ရချင်တယ်
ချစ်သူ မင်းသာ ကုမုဒ္ဒြာပန်းလေး ဖြစ်ခဲ့ရင်
ငါ…ဆုတ်ရက်မဲ့ လမင်း ဖြစ်ခွင့်ရချင်တယ်
ချစ်သူ မင်းသာ… . .  .
တကယ်တမ်းတော့ မင်းဘက်က
ဘယ်အရာမှ မဖြစ်ခဲ့ပေမဲ့ 

သန်းခေါင်ယံ တစ်ညမှာ
ငါကတော့
ကဗျာတစ်ပုဒ် ရေးခွင့်ရလိုက်သေးတယ်
ကာရံတွေ လွဲချော်ရင်းနဲ့ပေါ့… . . ..


Sunday, January 23, 2011

ကြိုးစားရအုံးမယ်


မော်တော်ကားဟွန်းခလုတ်ဟာ
စီယာတိုင်ကို သံယောဇဉ်တွယ်မိလို့
ရွာလည်ခဲ့သလို..
ငါဆိုတဲ့အကောင်ကလည်း
(အခုတော့) မင်းကို တွယ်တာမိလေတော့
ချာချာလည်အောင် ရူးသွပ်နေရပြီ..
ဘာပဲဖြစ်ဖြစ် သူတို့လို
တွဲလက်ညီညီ ဖြစ်ဖို့
ငါ.. ကြိုးစားရအုံးမယ်..