ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Wednesday, March 27, 2013

Android မြန်မာ-ထိုင်း အခြေခံစကားပြော


Myanmar to Thai Learner for android


ထိုင်းနိုင်ငံသို့ အလည်အပတ်ဘဲဖြစ်ဖြစ်-အလုပ်လုပ်ဖို့ဘဲဖြစ်ဖြစ်
ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား/သူများအတွက် အခြေခံထိုင်းစကားကို
အချိန်တိုအတွင်းမှာ တတ်မြောက်စေရန် ရည်ရွယ်ရေးသားပြုစုဖန်တီးခြင်းတာဖြစ်ပါတယ်ခင်ဗျာ
ထိုင်းစကားနှင့် မရင်းနှီးသေးတဲ့သူမအတွက်အခြေခံထိုင်းစကားတတ်မြောက်လာစေဖို့
အထောက်အပံ့ တစုံတခုဖြစ်ခဲ့မယ်ဆိုရင်..ကျွန်တော်အနေနဲ့ဝမ်းသာကျေနပ်မိပါတယ်ခင်ဗျာ...
လေ့လာသူအတွက် လွယ်ကူစေရန် 
မိမိရွေးချယ်တဲ့စကားလုံးကို -မြန်မာ-ထိုင်း၂ဘာသာနဲ့ရေးပြထားပါတယ်...
မူရင်းထိုင်းစကားအသံထွက်ကို-English-လိုရေးပြမှာဖြစ်ပြီး အသံ အတက်အကျ ကိုတော့ အထက်အောက်မြှားလေးတွေနဲ့တွေ့ရမှာဖြစ်သလို အသံနဲ့လဲ 
အနှေး/အမြန်၂မျိုးနဲ့ရွတ်ပြပေးအုံးမှာဖြစ်ပါတယ်.
(ဒုက္ခခံ ရွတ်ပြပေးရှာတဲ့ ယိုးဒယားမလေး အသံက ချိုနေတာဘဲ၊ချစ်စရာလေး)
မိမိကျွမ်းကျင်မှု့-အစမ်းလေ့ကျင့်ဖို့လေ့ကျင့်ခန်းအစီစဉ်လဲ-တပါတည်းပါရှိပါတယ်..ခင်ဗျာ။
အောက်မှာ screen shots လေးတွေကိုလဲ လေ့လာကြည့်ပါ..




 

အင်္ဂလိပ်စာမှာကျွန်တော်ဆရာကြီး ခီးခီးးး

နှစ်သက်မိလို့ပြန် ရှယ်ယာလိုက်တယ်နော်
......................................




ကျနော်ဟာ အင်္ဂလိပ်စာပေကို ဝါသနာပါ သည့်အလျောက် ငယ်ငယ်ကတည်းက လေ့လာလိုက်စားခဲ့ပါသည်။  အင်္ဂလိပ်စာနှင့် ပတ်သက်ပါကလည်း ဖတ်လိုက်ရတဲ့စာအုပ်တွေ စုံနေတာပါပဲ။ မြင်ဆရာ ကြားဆရာဆိုတာလည်း ပြော မနေပါနဲ့တော့ မည်းကနဲမြင်လိုက်တာနဲ့ တင် ပါးစပ်က " ဆရာ " လို့ အလိုလို ထွက်သွားသည်ထိ ပေါတာ။ ကျွမ်းကျင်သလားလို့မေးရင် ကျနော့်ကို စော်ကားတာနှင့် အတူတူပါပဲ။ ဘာပြုလို့ လဲဆိုရင် ကျနော်ပြောတဲ့ အင်္ဂလိပ်စကား ကျနော်ရေးတဲ့ အင်္ဂလိပ်စာကို အင်္ဂလိပ် လူမျိုးတွေတောင် နားမလည်ဘူး ပြောပါ က.  ကြွားတယ်လို့ မထင်ပါနှင့်။ မယုံလျှင် ဤပုံကိုကြည့်ပါလို့ ပြောရမ လိုပင်.........။ -  ကျနော့်မှာ ခွေးတစ်ကောင်ရှိသည်-      I'm a  dog. -  ခု ငါ ရန်ကုန်မှာ ရှိတယ် -     Now I  have Rangoon . - မင်း ဘယ်က လာတာလဲ-      Where you come?

သနားဖို.အရမ်းကောင်းတယ် (အရူးအချစ်ဇတ်လမ်းလေးပါ)အရူးမှာလဲချစ်နဲ့ဘဲ


ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။ ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံးဟာ ရူးနေကြတယ်။ သူကရူးနေလို့ တစ်ချိန်လုံး အရူးစကားပဲပြောတတ်တယ်။ သူမကလည်းရူးနေပြီး တစ်ချိန်လုံး သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။ အစက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိကြဘူး။ သူက တောင်အရပ်မှာနေပြီး သူမက မြောက်အရပ်မှာနေကြတယ်။ အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအတယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွားဆိုပြီး စွန့်ပစ်ထားကြတယ်။ တောင်အရပ်ကနေ မြောက်အရပ်ဆီဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ