ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Friday, December 7, 2012

ဖြေရှင်း ရခက်တဲ့ ပြဿနာ

မနက်အစောကြီးရှိသေးတယ်  
 ဒါပေမဲ့ အရက်ဆိုင်ထဲမှာ လယ်သမားကြီးတစ်ယောက် ကတော့ တော်တော်ကောင်းနေဘီလေ၊
ကိုထွန်းသာ တယောက်ဆိုင်ထဲဝင်လာတယ်သူကလယ်သမားကြီးမိတ်ဆွေတစ်ယောက် ပါ၊၊
လယ်သမားကြီးကိုမြင်တော့ ကိုထွန်းသာ အံ့သြသွားတယ် ။ဘယ်တော့မှ ဒီလိုမနက်အစောကြီး
 သောက်လေ့မရှိတဲ့သူဟာဒီနေ့မှစောစောစီးစီး ကောင်းနေပါလိမ့် ပေါ့လေ။ ဒါနဲ့မေးလိုက်တယ်
ကိုကြည် ဘယ်လိုလဲဗျ ဒီနေ့မှ ထူးထူး ခြားခြား မနက်ကြီး…
လယ်သမားကြီးဆွေးမြေ့ကြေကွဲတဲ့မျက်နှာနဲ့ မော့ကြည့်ရင်း
ဟုတ်တယ်ဗျာ သိပ်စိတ်ညစ်စရာ အဖြစ်ပျက်မျိုးနဲ့ ကြုံ ခဲ့ရတယ်ဗျာ
ဘာပြဿနာ ရှိလို့လဲ ကိုကြည်ရယ် ကူညီလို့ရရင်လဲ ဝိုင်းကူညီ စဉ်းစားပေးရတာပေါ့ဗျာ


တချို့ ကိစ္စတွေက ဖြေရှင်းလို့မရဘူးကွ
ကူညီနိင်ရင် …
တချို့ ကိစ္စတွေက…..
ကူညီနိင်ရင် …..
ကိုထွန်းသာ က မြန်မာလူမျိုးတို့ ထုံးစံအတိုင်း
မပြောချင်တာကိုမှ ပိုသိချင်တယ်
ကိုင်း ဒါဆိုလဲနားထောင်
လယ်သမားကြီးဦးကြည်လဲ ဝမ်းပန်းတနည်းနဲ့ ဖွင့်ဟပါတော့တယ်
ငါ့ယာတောမှာ နို့စားနွားမတွေမွေးထားတယ်၊ဒီမနက်နွားမတကောင်ကို နို့ ညှစ်ဖို့ပြင်တယ်၊ နို့ပုံးကိုချပြီးနို့ညစ်တယ်၊နွားမကသိပ်ဆိုးတယ်ကွာ၊နို့ပုံးကိုခြေထောက်နဲ့ကန်မှောက်ပြစ်တယ်၊ ဒါနဲ့ ကန်တဲ့ ညာခြေထောက်ကို ညာဘက်ကတိုင်နဲ့ ကပ်ချည်လိုက်တယ်၊ နို့ဆက်ညှစ်တယ်၊ နို့ပုံးကို ကန်မှောက်ပြန်တယ်၊ အဲဒီခြေထောက်ကို ဘယ်ဘက်တိုင်နဲ့ တွဲချည်လိုက်ပြန်တယ် ၊ နို့ဆက်ညစ်တယ်၊ အမှီးနဲ့ရိုတ်ပြီး နို့ပုံးကို မှောက်ပြန်တယ် ၊ငါ သိပ်စိတ်တိုလာတယ် ၊ အမြီးကို ချည်ဖို့ ကြိုးရှာတယ် ၊ကြိုးမရှိတော့ဘူး ၊ဘာင်းဘီက ခါးပတ်ကို ဖြုတ်လိုက်တယ် ၊နွားမရဲ့ အမြီးကို အပေါ်ကထုတ်တန်းမှာ ကပ်ချည်ဖို့ ကြိုးစားတယ် အဲဒီ အချိန်မှာဘဲ ဘောင်းဘီက ကျွတ်ကျ၊မိန်းမကရောက်လာ …၊အချို့ ကိစ္စတွေ ကဖြေရှင်းလို့ မရပါဘူးကွာ……….၊”


 မှတ်ချက်၊၊        ။ ဖတ်ဖူးတဲ့ ဟာသလေး ကိုပြုံးနိင်စေရန် ပြန်လည်မျှဝေ လိုက်ရပါတယ်...၊၊၊၊၊၊

 ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ......

No comments:

Post a Comment

ဖတ်သွားတဲ့အကြောင်း ရင်ထဲက စကားတခုခု ပြောခဲ့ဖို့ မမေ့နဲ့နော်....