ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Tuesday, October 16, 2012

ရယ်လိုက်ပြုံးလိုက် (ဖတ်မိ ပြုံးမိသမျှ)


 ချစ်သောက


အမျိုးသမီးနှစ်ယောက်ဟာ ညဘက်အပြင်ထွက်ပြီးတော့....ညစာသွားစားကြပါတယ်..
ပြီးတော့...အရက်မူးကို မူးအောင်သောက်ကြပြီးတော့..အိမ်ပြန်လာခဲ့ကြပါတယ်..
ဒီလိုနဲ့...အိမ်အပြန်လမ်းမှာ....ပြသနာတက်ပါလေရော...ရုတ်တရက် အိမ်သာတက်ချင်လာတဲ့ပြသနာပါ..
ခက်တာက..သူတို့ ရောက်နေတဲ့ နေရာဝန်းကျင်ကို ကြည့်လိုက်တော့....ဘုရား..ဘုရား..
သင်းချိုင်းကုန်းနားမှာဖြစ်နေတယ်။

ဒီတော့..မကြောက်တတ်တဲ့ တစ်ယောက်က ဒီလိုအကြံပေးတယ်။
အုတ်ဂူတစ်ခုခုရဲ့ အနောက်မှာ တို့ ရဲ့ ပြသသနာကိုဖြေရှင်းလိုက်ကြရအောင်တဲ့။
ဒီလိုနဲ့ .....သူတို့ရဲ့ကိစ္စကိုဖြေရှင်းကြတဲ့အခါမှာ..
ပထမဆုံးအမျိုးသမီးမှာ သန့် စင်ဖို့ ဘာမှမပါခဲ့တော့......သူမရဲ့ အတွင်းခံကိုချွတ်ပြီးတောသန့် စင်လိုက်တယ် ပြီးတော့...........


လွှင့်ပစ်လိုက်တယ်
နောက်တစ်ယောက်ကျတော့....အတွင်းခံကအရမ်းဈေးကြီးနေတော့...လွှင့်မပစ်ရက်ဘူး....ဒီတော့ဘေးဘီဝဲယာကိုကြည့်တယ်
လွမ်းသူ့ ပန်းခွေက ဖဲကြိုးလေးကိုတွေ့ တော့ အတိုင်းမသိပျော်သွားတယ်.. ကယ်တင်ရှင်ဖဲကြိုးလေးနဲ့ ကိစ္စရှင်းပြီးတဲ့အခါမှာတော့.....နှစ်ယောက်သား...အိမ်ကိုပြန်လာခဲ့ကြပါတယ်...

နောက်တစ်နေ့ မှာတော့..
ပထမအမျိုးသမီးရဲ့ ယောက်ကျားက...ဒုတိယအမျိုးသမီးရဲ့ ယောက်ကျားဆီကိုဖုန်းဆက်ပီးတော့..တိုင်တယ်။

.."""တို့ မိန်းမတွေညဘက်အပြင်ထွက်တာကို....တားဆီးမှရတော့မယ်ထင်တယ်။ ဘာလို့ လဲဆိုတော့..
ငါ့မိန်းမ...မနေ့ ညက...အိမ်ပြန်လာတော့...အတွင်းခံဘောင်းဘီပါမလာခဲ့ဘူး...""""

ဒီတော့...ဟိုဘက်ကယောက်ကျားကလည်း ဒီလိုပြန်ပြောတယ်။

.."""အေး...ငါ့မိန်းမက...ပိုတောင်ဆိုးသေးတယ်။
သူမရဲ့ အတွင်းခံဘောင်းဘီမှာ...
ကဒ်ပြားလေးတစ်ခုတောင်ချိတ်ပေးလိုက်သေးတယ်....
ကဒ်ပြားမှာ အမှတ်တရစာလေးတောင်ပါလိုက်သေး....
( သင့်ကိုကျနော်တို့ ဘယ်တော့မှမမေ့နိုင်ပါဘူး။ .....မီးသတ်တပ်ဖွဲ့ တဲ့ )..
ကောင်းရော။


 ********************************************************************
ဓါတ်ပုံ(၂)ပုံ
 
အမေရိကန်စစ်သားတစ်ယောက်ဟာ ဗီယက်နမ်မှာတိုက်ပွဲဝင်နေရပါတယ်
တစ်နေ့တော့ မွေးရပ်မြေက စာ(၂)စောင်ကို သူရရှိခဲ့ပါတယ်
တစ်စောင်က သူ့အမေဆီက သူ့ဓါတ်ပုံကိုတောင်းထားတာဖြစ်ပြီး
နောက်တစ်စောင်က သူ့ကောင်မလေးဆီက သူ့ဓါတ်ပုံကိုတောင်းထားတာဖြစ်ပါတယ်
သူ့မှာ ဓါတ်ပုံဆိုလို့(၁)ထဲရှိပြီး ၊ သူမြစ်ထဲမှာ ရေဆင်းကူးတုံးက သူ့သူငယ်ချင်းတစ်ယောက်ကရိုက်ပေးခဲ့ တာပါ
သူဘာလုပ်ရမလဲဆိုတာကို မသိတာနဲ့ ၊ ဓါတ်ပုံကို(၂)ပိုင်းပိုင်းပြီး
အပေါ်ပိုင်းကို သူ့ချစ်သူဆီကို ပို့လိုက်ပြီး ၊ အောက်ပိုင်းကို မိခင်ဆီကို ပို့လိုက်ပါတယ်
ဘာကြောင့်လဲဆိုတော့ သူ့မိခင်က မျက်စိမှုန်နေပြီး သိပ်ကောင်းကောင်းမမြင်ရဘူးဆိုတာ သူသိလို့ပါ။
ဓါတ်ပုံရဲ့အောက်ခြေပိုင်းဖက်ကို လက်ခံရရှိတဲ့ မိခင်ဟာ ဓါတ်ပုံကိုကြည့်ပြီး သက်ပြင်းနဲ့ ဒီလိုမှတ်ချက်ချပါတယ် :
"အော်..သနားစရာကောင်းတဲ့ငါ့သားလေး
မုတ်ဆိတ်တွေတောင် ရိတ်ဖို့ အချိန်မရှိပါလား
သူ့အဖေနဲ့သိပ်တူတာပဲ
အမြဲတမ်းပါးစပ်မှာ ဆေးလိပ်လေး တခဲခဲနဲ့..."  

                   **********************************************

No comments:

Post a Comment

ဖတ်သွားတဲ့အကြောင်း ရင်ထဲက စကားတခုခု ပြောခဲ့ဖို့ မမေ့နဲ့နော်....