Friday, February 3, 2012
sport online tv
.....................Live ပြ နေရင်.နှစ်သက်ရာ ပွဲများကို click ပြီး ကြည့်ရှု့ နိင်ပါတယ်.......................
Thursday, July 28, 2011
နှုတ်ခွန်းဆတ်တာလေ
မင်္ဂလာပါဗျာ
သူများတွေနှုတ်ခွန်းဆက်သလိုဘဲသဘောထားလိုက်ပါ ကောင်းရော့
ဘလော့ဆိုတာဘာမှန်းလဲသိပါဘူး.၊စာအုပ်ထဲကဖတ်ဖူးပီး စမ်းလိုက်တာပါ
အလကားလဲရတာဂိုး၊ကျွန်တော့် ဘလော့မှာ ဘာနည်းပညာမှလည်းမရှိ
ဘာရသမှလဲပေးစွမ်းနိင်မှာမဟုတ်ပါ
လာလည်တဲ့သူငယ်ချင်းတွေကိုလဲ အားနာမိပါတယ်..ရောက်လာပီးရင်တော့
c box မှာဘဲဖြစ်ဖြစ်ကော်မက်မှာဘဲဖြစ်ဖြစ် တခုခုတော့ေ၇းချခဲ့ပါအုးံ.
ကျွန်တော့အမည် သက်လွင် ပါ
..t h a t l w i n m I n @ g m a I l …com
မကွေး ကပါခင်ဗျာ ခင်နိုင်ပါတယ် ပျော်ရွှင်ပါစေ..
ဖတ်ဖူးတဲ့ဟာသတွေနော်..
လူတစ်ယောက်ဟာ ဘီယာဆိုင်မှာ နေ့တိုင်းဘီယာ၂ခွက်ပုံမှန်သောက်လေ့ရှိပါတယ်၊
ကြာလာတော့ အဲဒီလူနဲ့စားပွဲထိုးလေးနဲ့ရင်းနှီးလာပါတယ်……
စားပွဲထိုး။ ။ အကိုကသူများတွေနဲ့မတူဘူး ၂ခွက်ပုံမှန်ဆိုတော့ ထူးဆန်းတယ်နော်၊
လူ၊ ။အေးကွ တစ်ခွက်က ငါ့သောက်တာ
Monday, February 21, 2011
ကာရံမဲ့ ရုး
ထပ်တူညီမျှမရရှိခဲ့တဲ့ဘဝတွေမှာ
ချစ်သူ မင်းသာ ပန်းတစ်ခင်း ဖြစ်ခဲ့မယ်ဆိုရင်
ငါ…အရောင်းမဲ့တဲ့ဥယာဉ်မှူးဖြစ်ချင်တယ်
ချစ်သူ မင်းသာ လိပ်ပြာလေးဖြစ်ခဲ့ရင်
ငါ…ပွင့်လန်းတဲ့ ပန်းတစ်ခင်းဖြစ်ချင်တယ်
ချစ်သူ မင်းသာ ငှက်ကလေးဖြစ်ခဲ့ရင်
ငါ…ကြိုးဝိုင်းနဲ့ တောအုပ်တစ်ခု ဖြစ်ခွင့်ရချင်တယ်
ချစ်သူ မင်းသာ ညကောင်းကင် တစ်ခုဖြစ်ခဲ့ရင်
ငါ…တောက်ပတဲ့ ကြယ်လတွေ ဖြစ်ခွင့်ရချင်တယ်
ချစ်သူ မင်းသာ ကုမုဒ္ဒြာပန်းလေး ဖြစ်ခဲ့ရင်
ငါ…ဆုတ်ရက်မဲ့ လမင်း ဖြစ်ခွင့်ရချင်တယ်
ချစ်သူ မင်းသာ… . . .
တကယ်တမ်းတော့ မင်းဘက်က
ဘယ်အရာမှ မဖြစ်ခဲ့ပေမဲ့
သန်းခေါင်ယံ တစ်ညမှာ
ငါကတော့
ကဗျာတစ်ပုဒ် ရေးခွင့်ရလိုက်သေးတယ်
ကာရံတွေ လွဲချော်ရင်းနဲ့ပေါ့… . . ..
Sunday, January 23, 2011
ကြိုးစားရအုံးမယ်
စီယာတိုင်ကို သံယောဇဉ်တွယ်မိလို့
ရွာလည်ခဲ့သလို..
ငါဆိုတဲ့အကောင်ကလည်း
(အခုတော့) မင်းကို တွယ်တာမိလေတော့
ချာချာလည်အောင် ရူးသွပ်နေရပြီ..
ဘာပဲဖြစ်ဖြစ် သူတို့လို
တွဲလက်ညီညီ ဖြစ်ဖို့
ငါ.. ကြိုးစားရအုံးမယ်..
Subscribe to:
Posts (Atom)

