ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Thursday, August 23, 2012

THE BLIND BOY


မျက်စိကွယ်နေတဲ့ကောင်လေးတစ်ယောက်ဟာ အဆောက်အအုံတစ်ခုရဲ့လှေကားထစ်ပေါ်မှာထိုင်နေပါတယ်
သူ့လက်ထဲမှာတော့...I am blind,Please help ဆိုတဲ့ဆိုင်းဘုတ်ပြားလေးကို ကိုင်ဆောင်ထားပါတယ်
အရှေ့ကဦးထုပ်လေးထဲမှာတော့...အကြွေစေ့တွေနည်းနည်းရှိနေပါတယ်



အနားကဖြတ်လျှောက်သွားတဲ့ယောက်ကျားတစ်ယောက်ဟာ 
သူ့အင်္ကျီအိတ်ထဲက အကြွေစနည်းနည်းကိုထုတ်ယူလိုက်ပြီး
ဦးထုပ်ထဲကိုပစ်ထည့်လိုက်ပါတယ်...ကောင်လေးလက်ထဲက ဆိုင်းဘုတ်ကိုတောင်းယူလိုက်ပြီး...ဆိုင်းဘုတ်ရဲ့နောက်ကျောဖက်မှာ
စာနည်းနည်းရေးလိုက်ပါတယ်...ပြီးတော့..ကောင်လေးကိုပြန်ပေးလိုက်ပြီး ..သူပြောင်းလဲရေးထားတဲ့စာသားတွေကို

လမ်းသွားလမ်းလာတွေမြင်အောင် ကောင်လေးကိုကိုင်ထားစေလိုက်ပါတယ်...
မကြာခင်မှာပဲ..ဦးထုပ်ထဲမှာပြည့်လျှံလာပါတယ်..
နောက်ထပ်လူတော်တော်များများကလည်း..ကောင်လေးကို ပိုက်ဆံတွေထပ်တောင်ပေးနေကြပါသေးတယ်...
အဲ့ဒီနေ့နေ့လည်ပိုင်းမှာတော့...စာသားတွေကိုပြောင်းလဲလိုက်တဲ့သူက အခြေအနေကိုအကဲခတ်ရအောင် ပြန်လာခဲ့ပါတယ်
သူ့ရဲ့ခြေသံကိုမှတ်မိနေတဲ့..ကောင်လေးက.
ခင်ဗျားက မနက်တုန်းကကျနော့်ရဲ့ဆိုင်းဘုတ်ကိုပြောင်းရေးပေးသွားတဲ့သူမဟုတ်လား ?’
ခင်ဗျားဘာရေးလိုက်တာလဲ...ကျနော့်ကိုပြောပြပါလား ?’
ဒီအခါမှာ..အဲ့ဒီလူက...
ကျနော်က ခင်ဗျားရေးထားသလို..အမှန်တရားကိုရေးလိုက်တာပါ...
ဒါပေမယ့်...ခင်ဗျားရေးထားတာနဲ့တော့....နည်းနည်းလေးကွဲပြားတာပေါ့.....

သူရေးလိုက်တဲ့စာသားက....ဒီလိုပါ....
: ‘Today is a beautiful day and I cannot see it.’
...................................................................................................................................................................
ဆိုင်းဘုတ်ရဲ့အရှေ့ဖက်နဲ့ကျောဖက်ကစာသားတွေဟာ တူညီတဲ့ဖေါ်ပြချက်မျိုးဖြစ်ကြပါတယ်..
ဘာလို့လဲဆိုတော့...ဒီကောင်လေးဟာ မျက်စိမမြင်ဘူးဆိုတာကို နှစ်ခုစလုံးကညွန်ပြနေကြပါတယ်...
ဒါပေမယ့်...ကွဲပြားချက်က
ပထမစာသားတွေက...ဒီကောင်လေးဟာ မျက်စိမမြင်တဲ့သူတစ်ယောက်ဖြစ်တဲ့အကြောင်းကိုသာပြောပြနေပြီး
ဒုတိယစာသားတွေက...သူ့နားကဖြတ်သွားတဲ့သူတွေဟာ အရမ်းကိုကံကောင်းတဲ့လူသားတွေဖြစ်ကြပြီး
လောကရဲ့အလှတ၇ားကိုခံစားနိုင်စွမ်းရှိတဲ့သူတွေဖြစ်တာကို....ပြောပြာနေပါတယ်...။