ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Wednesday, November 21, 2012

ခွေးတွေဆီက အတုခိုးစရာများ

ဘယ်သူ့ ဆီက ဘာဘဲတွေ့တွေ့ ကောင်းတဲ့ အကျင့်ဆို အတုယူပါ...

• (၁) ဘာရယ်မဟုတ်ဘဲ လမ်းသလားနိုင်တဲ့ အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့..။

 • (၂) ချစ်ခင်သူတွေ အိမ်ပြန်လာတဲ့အခါတိုင်း အတင်းပြေးပြီး နှုတ်ဆက်စမ်းလိုက်ပါ..။

• (၃) ကိုယ့်အတွက်သိပ်တန်းဖိုးရှိမယ်ဆိုတာကို သိလိုက်တာနဲ့ တပြိုင်နက် စိတ်ရှည်လက်ရှည် စောင့် ဆိုင်းတတ်အောင် လေ့ကျင့်ထားပါ..။

• (၄) ကိုယ့်စည်းကို တစ်ယောက်ယောက်က ကျော်လာပြီဆိုတာနဲ့ ကျော်နေတဲ့ အကြောင်းကို အသိပေးလိုက်ပါ..။

• (၅) ပြေးပါ ၊ ခုန်ပါ ၊ နေ့တိုင်းကစားပါ...၊

 • (၆) စားတဲ့အခါ အားရပါးရ နဲ့ မြိန်ရည်ယှက်ရည် စားလိုက်စမ်းပါ..။

 • (၇) သစ္စာတရားအပေါ် သစ္စာရှိပါ..။

• (၈) ဟန်မဆောင်ပါနဲ့...။

 • (၉) ကိုယ်လိုချင်တာ မြှုပ်ထားမှန်းသိရင် ဘယ်လောက်နက်နက် ယက်ပြီးဖော်ပါ..။

• (၁၀) တစ်ယောက်ယောက် စိတ်မချမ်းမသာဖြစ်နေရင် တိတ်တိတ်လေးနေ ၊ အနားမှာထိုင်လို့ ညင်ညင်သာသာလေး ထွေးပွေ့ပေးပါ..။


• (၁၁) တစ်ချက်လောက်ဟောင် ရုံနဲ့ ပြီးမယ်ဆိုရင် ကိုက်မနေပါနဲ့တော့...။

 • (၁၂) ဘယ်လောက်ပဲ ခဏခဏ အဝေဖန်ခဲနေရ ၊ အပြစ်တင်ခံနေရ ခံရ ၊ ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ တစ်စက်လေးမှ မခံစားပါနဲ့..။ မျက်နှာ မပျက်ပါစေနဲ့..။ အဲဒီလို အချိန်မှာ လာလမ်းအတိုင်း အမြန်ဆုံးလှည့်ပြေးပြီး မိတ်ဆွေသစ်တွေ ရှာလိုက်ရုံပါပဲ...။

ref; >>>  jacba

No comments:

Post a Comment

ဖတ်သွားတဲ့အကြောင်း ရင်ထဲက စကားတခုခု ပြောခဲ့ဖို့ မမေ့နဲ့နော်....