ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Saturday, February 22, 2014

ဖုန်း ထဲမှာ ပိုက်ဆံ ရှိသည့်တိုင်အောင် အင်တာနက်လိုင်း တက်မရသည့် ပြဿနာ ဖြေရှင်းနည်း


ထိုင်းနိုင်ငံအတွင်း 12call , Dtac ဖုန်းလိုင်း နဲ့ စမတ်ဖုန်းအသုံးပြုသူများအတွက်တာ ဖြစ်ပါတယ်...။

အဖြစ်များနေတဲ့ပြဿနာပါ မိမိဖုန်းမှာ ပိုက်ဆံ ရှိပေမဲ့
အင်တာနက်လိုင်း ဖွင့်လို့ မရဘဲ ဖြစ်နေတတ်ပါတယ်
ဒါဆိုရင်   ၁။APN Setting ကြောင့်လား ?
             ၂။ SIM Card ရဲ့  Net Data Off ဖြစ်နေလို့လား ? ဆိုပြီး ၂ ချက်ရှိပါတယ်...
အများအားဖြင့်တော့ APN (Access Point Name) Setting ပျက်သွားလို့ ဖြစ်တာများပါတယ်..

 
 ANDROID ဖုန်းများရဲ့  APN Setting ပြန်ဖြည့် ဖို့အတွက် အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..
 ဖုန်းရဲ့ Setting မှ More Networks သွားပါ ..၊
(အချို့ Android version2.3 ဖုန်းဆိုရင်Wireless and network နှိပ်ပါ)
 Mobile networks မှ Access Point Names(APNs) နှိပ်ပါ

ဖုန်းရဲ့ Menu key ကို နှိပ်ပြီး New APN ကိုနှိပ်ပါ






12call သုံးသူများဆိုရင် 
     Name နေရာမှာ AIS Internet ရေးထည့်ပါ
     အောက်က APN နေရာမှာ www.ais.co.th ရေးထည့်ပါ
     Menu ကိုနှိပ်ပြီး Save လုပ်ပြီး ပြန်ထွက်လိုက်ပါAIS Internet ကို check လုပ်ခဲ့ပါ..
    ပြီးရင် Mobile Data Connection ကို On(check) ပြီး  အင်တာနက်ဖွင့်ကြည့်ပါ..အဆင်ပြေပါလိမ့်မယ်  
အဲလိုမှ အင်တာနက် တက်မရဘူး ဆိုရင်
   12call sim card ရဲ့ net data ကို ဖွင့်ပေးဖို့လိုအပ်ပါတယ်၊
   12call ရဲ့ Netdata ON ဖို့ *192*2# နှိပ်ပြီး ခေါ်ပါ (ကြောက်နေနဲ့အုံး..ပိုက်ဆံမကုန်ပါဘူး ငဲငဲ)
   ခနနေရင် Net data ဖွင့်လိုက်တဲ့ အကြောင်း စာအိတ်ဝင်လာရင်.
   ဖုန်း ပိတ်လိုက်ပါ...ဖုန်းပြန်ဖွင့်ပြီးရင် သုံးလို့ ရပါဘီ..၊


Dtac ဖုန်း လိုင်းသုံးသူဆိုရင်

   Name မှာ DTAC Internet ရေးထည့်ပါ၊
   အောက်က APN နေရာမှာ www.dtac.co.th ရေးထည့်ပါ..
   Menu ကို နှိပ်ပြီး Save လုပ်ပြီး ပြန်ထွက်လိုက်ပါ၊
   Dtac Internet ကို check လုပ်ပါ၊

   ပြီးရင် Mobile Data ကို On(check) ပြီး အင်တာနက်ဖွင့်သုံးကြည့်ပါ..
   များသောအားဖြင့် အွန်လိုင်းသုံးရပါပြီ ...၊

အဲလိုမှမရသေးရင် အင်တာနက် တက်မရဘူး ဆိုရင်
   Dtac(Happy) sim card ရဲ့ Net data ON  ဖို့ အတွက်
   *104*71*9# ကို နှိပ်ခေါ်လိုက်ပါ....၊စာအိတ်ဝင်လာရင် ဖုန်းပိတ်လိုက်ပါ ...
   ဖုန်းပြန်ဖွင့်ရင် အင်တာနက်လိုင်းသုံးလို့ရပါဘီ ..

ကဲဒါဆိုရင် သူလဲ အွန်လိုင်း ကိုယ်လဲ အွန်လိုင်း ဖြစ်သွားဘီနော်..(ပျော်နေနဲ့ အုံး ဖုန်းမှာ ပိုက်ချန်ချိ နေမှ)

Iphone  မှာတော့APNs ပျက်သွားတာမျိုး အဖြစ်နည်းပါတယ်
   Iphone APN Setting မှာတော့
   Setting>General > Network >Cellular Data Network မှာ ဖြည့်ပြီးရေးနိင်ပါတယ်..။  ။






.......ရွှင်လန်းသာယာ အဆင်ပြေကြပါစေခင်ဗျာ....

No comments:

Post a Comment

ဖတ်သွားတဲ့အကြောင်း ရင်ထဲက စကားတခုခု ပြောခဲ့ဖို့ မမေ့နဲ့နော်....