ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Thursday, January 10, 2013

မြန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်း၏ အကျိုးကျေးဇူးများနှင့်..



  မြန်မာဆန်ဆန် ၀တ်ဆင်နေထိုင်ခြင်း၏ အကျိုးကျေးဇူးများ


၁။ မြင်သူတကာ စိတ်ကြည်နူးမှုရရှိခြင်း

၂။ အိနြေ္ဒကြီးသူအဖြစ် လူလေးစားဖွယ် ဖြစ်ရခြင်း

 ၃။ အထင်သေး အမြင်သေး လူကြည့်ခံရခြင်းမှ
 ကင်းဝေးခြင်း

 ၄။ မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ၀င်ထွက်သွားလာနိုင်ခြင်း

 ၅။ သိမ်ငယ်စိုးရွံ့မှုများမှ ကင်းဝေးခြင်း

 ၆။ ညစ်ညမ်းသောစကားလုံးများဖြင့် နောက်ပြောင်ခံရမှုမှ ကင်းဝေးခြင်း


၇။ စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့် ရရှိခြင်း

 ၈။ ပြစ်မှားလိုသော ယုတ်ညံ့သည့်စိတ်များ ဖြစ်ပွါးစေမှု နည်းပါခြင်း

 ၉။ လူကြီးလူကောင်းနှင့် ပညာရှိတို့၏ ချီးမွမ်းခံထိုက်သူဖြစ်ခြင်း
၁၀။ သိမ်မွေ့သည့်ဝတ်ဆင်မှုမှ
ဂုဏ်သိက္ခာတိုးတက်မြှင့်မားစေနိုင်ခြင်း

 ၁၁။ ရိုးသားမြင့်မြတ်သော အမျိုးသားကောင်း၊ အမျိုးမြတ်တို့ကို ရယူပိုင်ဆိုင်နိုင်ခြင်း
၁၂။ လူကုန်ကူးလိုသူတို့၏ ဘေးအန္တရာယ်များနှင့် အခြားဘေးအန္တရာယ် များမှ
 ကင်းဝေးစေနိုင်ခြင်း စသည့်အခြား၊အခြားသော ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကင်းဝေးခြင်း စသဖြင့့် ပေါ့ ခင်ဗျာ.............
                       








------------------------xxxxxxxxxx--------------------------    



"လုံ...မ ကောင်းမယ် လုံမငယ်"" လှလိုက်တဲ့ မြန်မာစာလုံးလေးဗျာ `` လုံမ ´´ တဲ့ အဓိပ္ပါယ်နဲ့ ပြည့်စုံပြီးတော့ ကျက်သရေရှိလိုက်တာ။ ရှေးက စကားလုံးကို သုံးသွားတဲ့သူများ ဘယ်လောက်တော်ကြသလဲဗျာ။ အခုခေတ်တော့ အခေါ်ဝေါ်လေးတွေက ပြောင်းသွားပြီလေ။ ယောက်ျားလေးတွေက မိန်းကလေးများ သုံးနှုံးကြတာ `` ဆော် ´´တဲ့။ အတိတ် နိမိတ် ဘယ်လောက်ကောင်းလိုက်သလဲ။ ဒါကြောင့် မို့လားမသိ နိုင်ငံ အချင်းချင်း ဆော်လိုက်ကြ။ လူမျိုး အချင်းချင်းလဲ ဆော်လိုက်ကြ။ ဆော် လို့ကို မပြီးနိုင်တော့ဘူး။ သွေးမြေကျမှုတွေ များများလာတယ်နော်။ ဒါပေမယ့် ဗုဒ္ဓဘာသာကြောင့်တော့ သွေးမြေကျမှု နှစ် ၂၅၀၀ ကျော်လာပြီ မရှိသေးပါဘူး။့ ဂုဏ်ယူစရာလေး တစ်ခုပါ။ ဘာကြောင့်လဲ ဆိုတော့ ဒို့ဘုရားက ငြိမ်းချမ်းရေးဝါဒ ဖြစ်လို့မို့လေ။ အဲ sorry .. ပါ လိုရင်းကို မေ၇ာက်နိုင်ဘူး ။ ဒီတော့ `` လုံခြုံ အောင်ဝတ်စားတတ်တဲ့ မိန်းမ မို့လို့ လုံမ ´´ ဒီလိုလေး အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ ဦးဇင်းအယူအဆ ပြောတာပါ လက္ခံ သင့် ၊ မသင့် ကိုတော့ ကိုယ်ပိုင်ဦးနှောက်လေးနဲ့ စိစစ် ဝေဖန်ပေးကြပါ။ ဟုတ်ပြီ ဒီတော့ မလုံတလုံ ၀တ်စားနေကြတဲ့ ခေတ်သစ် ညီမလေးများ ၊ မမများဟာ ခေတ်မှီဖို့ ၀တ်ကြတာလား ? လုံအောင် ၀တ်ရမှာ ကြောက်လို့ ၀တ်ကြတာလား ? ဆင်းရဲလို့ အလျားပြည့် အနံပြည့် မ၀တ်နိုင်ကြတာလား ? ဆိုတာတော့ မေးမကြည့်မိဘူး။ အကြောင်းတစ်ခုခု တော့ သူတို့ ဆီမှာ ၇ှိကြပါလိမ့်မယ်။ ဘာပဲ ဖြစ်နေဖြစ်နေ မလုံ မှ တော့ ပေါ်မှာပေါ့ ။ ပေါ်တော့ ဘာဖြစ်လဲ .... မြင်ကြမှာပေါ့။

ကတ်တဲ့လူတွေက တော့ ပြောကြပါလိမ့်မယ် `` အမလေး မကြည့်ရင်ရင် မမြင်ပါဘူး ´´ ။ ဟုတ်တာပေါ့ မျက်စိရှေ့တည့်တည့်တိုးပေမယ့် မျက်နှာလွှဲတဲ့သူက လွှဲလိမ့်မယ်။ မလွှဲနိုင်သူက ချောင်းကြည့်မယ်။ ဒီထက် ပိုတဲ့လူများက ဓာတ်ပုံတွေ အဖြစ်ပြောင်းလဲ ပစ်ကြတယ်လေ။ အဲ according to Buddhism ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်မယ် ဆို၇င်လဲ လူတွေ မှာ ဒီ ဟိရိ နဲ့ သြတ္တပ္ပ ဆိုတဲ့ မကောင်းမှု လုပ်ရမှာ ကို ရှက်ခြင်း နဲ့ ကြောက်ခြင်း ကင်းမဲ့လာပြီဆို လောကကြီး ပျက်ဆီးတော့မှာပါတဲ့။ဒါ့ကြောင့် ဒီနှစ်ခုကို ကမ္ဘာစောင့် တရား နှစ်ပါးလို့ ခေါ်တာပါ။ ဒါဖြင့် ဒီလို ၀တ်စားဆင်ယင်မှု ဟာ မကောင်းမှု ထဲ သွင်းလို့ရသလား ? တစ်ဆင့်ချင်း( step by step) စဉ်းစားကြည့်ကြရအောင်... မိမိ ဒါမျိုး ပြုမှု လိုက်တဲ့ အတွက် မိမိ၏ ဆန့်ကျင်ဘက် လိင်(gender ) တစ်ဦးမှာ (၁) မနောကံ အကုသိုလ် (၂) တစ်ဆင့်တက်တော့ ဘယ်လိုဘယ်ညာ ပြောပြီဆို ၀စီကံ အကုသိုလ် (၃) ထိမ်းမနိုင် သိမ်းမနိုင်လို့ ကိုယ်ထိ လက်ေ၇ာက် ကျူးလွန်လို့ရင် ကာယကံ အကုသိုလ် ဒီလိုမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

မိမိ အတွက် နှင့် သူတစ်ပါး အကုသိုလ် ဖြစ်မယ်ဆိုရင်။ မိမိကိုယ်ကို အပြစ်ကင်းတယ်လို့ ယူဆသလား ? အကုသိုလ် မဖြစ်လို့ ယူဆပါသလား ? ယူဆရင် လွဲသွားမယ်နော်။ ဒီစကားတွေက မိမိမြန်မာနိုင်ငံသူများသာ ပြောသင့်လို့ ပြောတာပါ။ တခြားမှာ ပြောလို့မရဘူးလေ။ ဘာလို့လဲ ဆိုတော့ သူတို့က ကုသိုလ် ဆို I don't know ၊ အကုသိုလ် ဆို I don't know ကိုး... ကဲ ကိုယ်ကိုယ်တိုင်တော့ အပ်ချိတ်နဲ့ လိုက်ပြီး ဖာထေးမပေးနိုင်လို့ ဖတ်သွားမိသူများ ယူတတ်ကြပါစေ လို့ ဆန္ဒပြုရင်း သြော် လုံ...မ တော်မယ် လုံမငယ်။ လုံ...မ တော်မယ် လုံမငယ်။









ref ;    jacba မှ ပို့စ် အား ပေါင်းစည်း မျှဝေ ခံစားလိုက်ပါသည်....

No comments:

Post a Comment

ဖတ်သွားတဲ့အကြောင်း ရင်ထဲက စကားတခုခု ပြောခဲ့ဖို့ မမေ့နဲ့နော်....