ကျွန်တော့် ရင်ဘတ်ထဲ သို့ လာလည်တဲ့ သူ ငယ်ချင်းတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါ တယ် အ စစအရာရာ လိုအပ်သလို C box မှာရေး ပီးထင်သလို ရေးသားမှာကြားနိင်ပါတယ် Email ကတော့thatlwinmin@gmail.com ပါ

Friday, January 25, 2013

စကား ပြောကြရာတွင်

စကားပြောတဲ့အခါ မှတ်သားစရာလေးတွေပါ jacba


ဟိုးရှေးရှေးတုန်းက စကားပြောရာမှာ အလွန်ကို သေသပ်ကျွမ်းကျင်တဲ့ ပညာရှိကြီးတစ်ယောက်ရှိတယ် ။ 
အဲဒီပညာရှိကြီးဟာ စကားပြောဆိုတဲ့အခါ အမှန်ကိုပဲပြောဆိုလေ့ရှိတယ် ။ 

တစ်ခါတော့ လူငယ်နှစ်ယောက်ဟာ ပညာရှိကြီးပြောတဲ့
စကားကို အမှားဖြစ်အောင်လုပ်မယ်လို့ သူတို့ကြံစည်ကြတယ် ။ 
အဲဒီတော့ သူတို့က ပညာရှိကြီးပြောတဲ့စကားကို အမှားဖြစ်အောင်
လုပ်ဖို့ သူတို့မြင်းတစ်ကောင်ဝယ်လိုက်ကြတယ် ။ အဲဒီမြင်းကို တစ်ဖက်မှာအဖြူရောင်
တစ်ဖက်မှာ အမည်းရောင်သုတ်ထားလိုက်ကြတယ် ။ 
အကယ်၍ များပညာရှိကြီးပြောတဲ့အခြမ်းက အဖြူဆိုရင်သူတို့က မဟုတ်ဘူးအမည်းဆိုပြီးငြင်းမယ်ပေါ့ အကယ်၍ အမည်းလို့ဖြေခဲ့ရင်လည်း အဖြူလို့ငြင်းမယ်ဆိုပြီးစဉ်းစားထားကြတယ် ။ အဲဒီအဖြူတစ်ဖက်အမည်းတစ်ဖက်သုတ်ထားတဲ့ မြင်းကို ပညာရှိကြီးလာမယ့် လမ်းမှာ ချထားခဲ့ကြတယ် ။ ဒီလိုနဲ့ပညာရှိကြီးလမ်းလျှောက်ထွက်လာတဲ့အခါ 
သူတို့က ရှေ့ လှမ်းလှမ်းက မြင်းကိုပြပြီးဘာအရောင်ပါလဲလို့မေးတယ် ။
 အဲဒီအချိန်ဟာ နည်းနည်းလေး မြင်းနဲ့လှမ်းနေသေးတဲ့အတွက်ပညာရှိကြီးဖက်က အဖြူပဲမြင်နေရတယ် . ။ ဒီတော့ပညာရှိ ကြီးက အောက်ပါအတိုင်းဖြေလိုက်တယ် ။ 
“ အေးကွယ် . .ဒီဖက်ကကြည့်တာတော့အဖြူလို့ ထင်ရတာပဲကွယ် ” တဲ့ ။

 ------------------------------------

 စကားပြော တဲ့အခါ သတိထားပြောဆိုဖို့ အရမ်းကိုအရေးကြီးလွန်းပါတယ် ။ တစ်ခါတစ်ခါ တစ်ဖက်သားက ချောက်ထဲ ကျအောင် အကွက်ဆင်ထားပေမယ့် ကိုယ့်ဖက်က လိမ္မာပါးနပ်စွာနဲ့ စကားကို ပြန်ဆယ်တတ်ဖို့လိုသလို ကွေ့ဝှိုက်ရှောင်ကွင်းတတ်ဖို့လည်းလိုတယ် ။ လူ့ဘ၀ကြီးမှာ စကားပြောမတတ်လို့ ကြုံရတဲ့ပြဿနာတွေ ဒုက္ခတွေအများကြီးပါပဲ ။ ဒီတော့ စကားပြောတဲ့အခါ လက်လွတ်စပယ်မပြောပဲ တစ်ဖက်သားပြောတဲ့စကားကိုသေချာစဉ်းစားပြီး ကိုယ့်ဖက်က နေ အခြေအနေအားလုံးကိုသုံးသပ်လို့ အကောင်းမွန်ဆုံး ပြောတတ်ဖို့လိုပါတယ် ။


......................

6 comments:

  1. ကျေးဇူးပါအကို မှတ်သားထိုက်ပါတယ်ဗျာ

    ReplyDelete
  2. ကျေးဇူးပါအကို မှတ်သားထိုက်ပါတယ်ဗျာ

    ReplyDelete
  3. ကျေးဇူးပါအကို မှတ်သားထိုက်ပါတယ်ဗျာ

    ReplyDelete
  4. ကျေးဇူးပါအကို မှတ်သားထိုက်ပါတယ်ဗျာ

    ReplyDelete

ဖတ်သွားတဲ့အကြောင်း ရင်ထဲက စကားတခုခု ပြောခဲ့ဖို့ မမေ့နဲ့နော်....